BUSINESS

Monday, August 26, 2024

active &passive voice

 Active & Passive voice-----ONE----

ဒါမလေ့လာ မှီ tense အကြောင်းကြိုတင်လေ့လာပါ

#how to study English grammar  အတိုင်း study လုပ်ပါ
#sayaukyisinEnglishclassမှာ ရှာကြည့်ပါ

1=Active voice=AV ဆိုသည်မှာ ပြုလုပ်သူ subject ကို ဝါကျ sentence ထိပ်ဆုံး မှာ ဦးစားပေးဖော်ပြရင် active voice =AV ဖြစ်တယ်

eg People  speak English in USA.

အထက်ပါ sentence မှာ subject က people verb က speak English က object ဖြစ်တယ် 

2=Passive voice ဆိုသည်မှာ ပြုလုပ်ခံရသူ object ကို sentence ထိပ်ဆုံးမှာ ဖော်ပြရင် passive voice ဖြစ်တယ်

eg English is spoken in USA. 

အထက်ပါ sentence မှာ English ဟာ ပြုလုပ်ခြင်း ခံရတဲ့ object ဖြစ်ပြီး subject က by people ဖြစ်တယ်
by people ကို ဘာကြောင့်ဖြုတ်ထားသလဲ ဆိုရင်  စကားပြောတယ် ဆိုမှတော့ လူတွေ ဘဲ ပြောမယ် ဒါကြောင့် ထင်ရှားတဲ့ subject ဖြစ်တဲpeople police soldier etc ကိုဖြုတ်ထားတာ  စစ်တိုက်ရင် စစ်သားဘဲ တိုက်မယ် ဖမ်းရင် ရဲ ကဘဲ ဖမ်းမယ် 

3*Active ကနေ passive ပြောင်းတိုင်း verb က ကံobject လိုသောကြိယာ transitive verb ဖြစ်ရမယ
် eg kill buy sell cook etc

object လိုမလို verb တစ်လုံးတွေရင် စဉ်းစားကြည့် eat ဆိုပါစို့ စားခြင်းခံရတဲ့ object လိုတယ် ဒိတော့ eat ဟာ transitive verb ဖြစ်တယ် passive ပြောင်းနိုင်တယ်

4***ကံ object ခံရသူ မလိုတဲ့ intransitive verb ကံမလို ကြိယာ များ passive voice ပြောင်းလို့မရပါဘူး
eg go come etc 

I go to school . ဆိုတဲ့ ဝါကျမှာ to school ဟာ place ဖြစ်တယ် object မဟုတ်ဘူး  go ဟာ intransitive verb ဖြစ်တယ် ဒါကြောင့် passive ပြောင်းလို့မရပါဘူး

5**passive voice ပြောင်းတိုင်း main verb ဟာ V3=past participle =ed / En ဖြစ်ရပါမည်

အလွတ်ကျက်ထား မှ အဆင်ပြေပါမယ်

main  verb ရဲ့ ဘယ်ဘက်မှာ သင့်တော် သော helping verb သုံးရပါမယ် 

passive   voice ပြောင်းရင် ပထမ ဆုံး object ရေးမယ် သင့်တော်သော helping verb ရေးမယ် main verb v3 past participle ရေးမယ်   အောက်က no.6 ကို လေ့လာပါ


6**form of passive

1****v1= obj +am is are+ v3 +by sub

2***v2====obj +was were+ v3 +by sub

3****am is are ving = ==obj +am is are+ being+ v3 +by sub

4**was were ving ==obj +was were +being v3 +by sub

5*** has have v3=====obj +has have+ been+ v3 + by sub

6had v3========obj+[had +been +v3 + by sub

7-=modal verb ==obj +modal verb +be+ v3 +by sub

www.kyisinplb.blogspot.com

Active voice   ကနေ passive ပြောင်းကြည့်ကြမယ်

1* AV==People speak English in USA.

PV==English is spoken in USA.

wh question==Which language is spoken in USA.?

2**AV==People grow paddy  in Burma

pv==Paddy is grown in Burma.

  wh==what is grown in Burma.?

3**AV*They manufacture a lot of cars in Europe.

PV== A lot of cars are manufactured  in Europe.

wh==What are   manufactured in Europe?
ဥရောပ မှာ ဘာတွေ ထုတ်လုပ်သလဲ 

4*AV==People consume some crops locally in Burma.

PV==Some crops are consumed locally in Burma.. 

wh==What are consumed locally in Burma.?

5**AV-=people grow tea in cooler part of the country.

pv--Tea is grown in cooler part of the country.

Wh---where is tea grown ?

6--AV==People use Myanmar kyat.

PV=='Myanmar kyat is used in Burma.

Wh==Which currency is used in Burma?

  .
7**Myanmar is situated /  located in Asia .

Wh----where is Myanmar situated / located ?

V2==past tense ==obj +was were v 3+ by sub


8---Av===People built Empire state building in 1920.

PV==Empire state  building was built in 1920.

Wh===when was Empire state building built?
ဘယ်ကာလ အချိန် တုံးက ဆောက်ခဲ့တာလဲ

Empire   state building က အထပ်  102 or 120 ရ်ှတယ် ၁၉၂၀    တည်ဆောက်ခဲ့တယ်  1920 မှာ မြန်မာ ပြည် မှာ ပထမ ကျေင်းသားသပိတ်  ဖြစ်ပွားတယ်  ဒိနေ့ Yangon  မှာ 35 ထပ်ဟာ အမြင့့်ဆုံးဘဲ
ဒါဆို ဒီကလူတွေ အတွေး အခေါ အယု အဆ ဘယ်လောက် ကွာ နေပြီ ဆို တာ မှန်းဆ နိုင်တယ် Google map  ရှာကြည့်ပါ

9===Av== President  opened the building  in 1931.

PV==The building was opened by the president in 1931.

Wh===When was it opened ? 

10**AV===An American architect designed the building.

PV*** The building was designed by  an American architect.

www.kyisinplb.blogspit.com

#https://m.facebook.com/story.php?story_fbid=1255626301246867&id=143500952459413

No comments:

Post a Comment