BUSINESS

Monday, March 17, 2025

Your days are numbered

 မင်းတို့ထမင်းဝအောင်စားထား


ဆိုသောစကားစု ကို English လို ပြောဆိုပုံ

somebody’s/something’s days are numbered.
ဒီစကားစုကိုသုံးပြီးပြောရင်လူတယောက် (သို့)အရာဝထ္ထုတခုဟာဆက်ပြီးမရှင်သန် နိုင် မအောင်မြင်နိုင်တော့(သို့) သေကြေ ပျက်ဆီးတော့မယ်လို့ဆိုလိုတာပါ
If you say that someone's or something's days are numbered, you mean that they will not survive or be successful for much longer.

Gangster တေယာက္က လူတေယာက္ကို
သတ်ဖို့ကြံနေပြီဆိုရင် သူသုံးမဲ့စကားစုလေးက
"မင်းထမင်းသာဝအောင်စားထား မင်းအသက်
ရှင်နေရမဲ့ရက်တွေက ရေတွက်လို့ရအောင်ကို
နည်းနေပြီ ကိုယ့်လူ" လို့ဖြစ်ပါတယ်
if a gangster plans to kill someone, he might say, “Your days are numbered!”

အဲဒီကုမ္ပဏီမှာ ငါတော့ကြာကြာမနေရတော့ဘူး
ဆိုတာ သိနေတယ်
I knew my days were numbered at that firm.

ငါ့တို့နပမ်းအသင်းခေါင်းဆောင်ကငါသူ့ကောင်မ လေးကိုနမ်းနေတာတွေ့သွားတယ် ငါတော့သူ့ အသင်းမှာ ကြာကြာမခံတော့လောက်ဘူး
The captain of the wrestling team found out that I kissed his girlfriend, so my days are numbered now!

ငါ့ဖုန်းဘက်ထရီကသေချာပေါက်ကုန်ကြွကာနီး
ပြီ နောက်ထပ်တနာရီပိုကြာကြာမခံတော့ဘူး
My phone's days are definitely numbered—the battery won't last more than an hour.

ငါ့ပုံရိပ်ကျဆင်းလာလို့ကတော့ မင်းလည်းကြာ
ကြာမခံတော့ဘူးမှတ်ပါ
My image flickers and your days are numbered.

ပြည်သူတွေက သူ့ကိုအလွန်ငြီးငွေ့လာနေလို့
သူဟာ နောက်ထပ်ကြာကြာရှင်သန်ဘို့(ရာထူးတည်မြဲ) မဖြစ်နိုင် ဘူးလို့ ဝေဘန်ရေးသမားတွေကယုံကြည်နေကြ
တယ်
Critics believe his days are numbered because audiences are tired of watching him..  compiled & copied  by www.kyisinplb.blogspot.com  from #my English page  

remark====English လို ပြောတာ ပြသာနာ မရှိပေမဲ့ မြန်မာလို သွားမပြောကြနဲ့ ဦး ဖမ်းခံနေရမယ်

No comments:

Post a Comment