BUSINESS

Monday, March 17, 2025

Habits for children to develop their skills

 ကလေးများကို စာတော်စေတဲ့ အကျင့်ကောင်းများ

═══════════════════════
မိဘတိုင်းလိုလို ကိုယ့်ကလေးကို စာတော်စေချင်ကြပါတယ်။ စာထူးချွန်စေချင်တော့ ကျူရှင်တွေ၊ သင်တန်းတွေ နင်းကန်ပို့ပေးတယ်။ အိမ်မှာ ဆရာခေါ်သင်ပေးတယ်။ ဆရာတွေကို စုပြီး စာသင်ဝိုင်းထောင်ပေးတယ်။ ကျောင်းပြောင်းတယ်၊ မြို့ ပြောင်းတယ် စသည်ဖြင့် အမျိုးမျိုး ကြိုးပမ်းပေးကြပါတယ်။ ဒါပေမဲ့ စာတော်စေချင်ရင် စာကိုကြိုးစားရပါမယ်။ မိဘရဲ့ အရိပ်အကဲ အောက်မှာ စာကြိုးစားခြင်းထက် ကိုယ့်အသိနဲ့ စာကြိုးစားခြင်းဟာ ပိုမိုပေါက်မြောက်ပါတယ်။ ကလေးများကို စာကြိုးစားတဲ့ အကျင့်မွေးထုတ်ပေးနိုင်ရင်  ကျူရှင်တွေ၊ သင်တန်းတွေထက် ပိုမို ထိရောက်ပါတယ်။  အကျင့်အကြောင်းဆွေးနွေးကြည့်ရအောင်...

အကျင့်ဆိုတာဘာလဲ၊
အကျင့်ဆိုတာ အကြိမ်ကြိမ်လုပ်ဆောင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အလေ့အထ ဖြစ်ပါတယ်။ ကောင်းတာကို အကြိမ်ကြိမ်ပြုလုပ်ရင် ကောင်းတဲ့ အလေ့အထ ရလာသလို၊ ဆိုးတာကို အကြိမ်ကြိမ်လုပ်ရင်လည်း ဆိုးတဲ့ အလေ့အထ စွဲကပ်သွားမှာဖြစ်ပါတယ်။ အလေ့အထ အားလုံးဟာ အကျင့်ကို ဖြစ်ပေါ်စေပါတယ်။ စာကြိုးစားတဲ့ အကျင့်ဆိုတာ စာလုပ်ရတာ တက်ကြွပျော်ရွှင်တဲ့ အကျင့်ဖြစ်ပါတယ်။ အဲဒီအကျင့်တွေကို
ဘယ်လိုမွေးမြူသင့်ပါသလဲ......

၁။ သူများစကားပြောတာကို သေချာနားထောင်တတ်တဲ့ အကျင့်

သူများပြောစကားကို သေသေချာချာ နားထောင်တတ်ခြင်းဆိုတာ သူများကို လေးစားခြင်းဖြစ်ပါတယ်။ သူများပြောစကားကို သေသေချာချာနားထောင်တတ်တာ ကြာသွားရင် သူများပြောစကားကို ဘယ်တော့မှ ဖြတ်ပြီး မပြောတဲ့အပြင် သူများပြောစကားရဲ့ အရေးကြီးတဲ့အချက်ကို အလေးထားတတ်သွားပါတယ်။ အဲဒီ အရေးကြီးတဲ့ ပွိုင့်ကို ဖမ်းယူနားထောင်တတ်တဲ့ အကျင့်ဟာ စာတော်စေတဲ့အဓိကအကြောင်းရင်းတစ်ခု ပါ၀င်ပါတယ်။

၂။ သေချာသပ်ရပ်တဲ့ အကျင့်

စာပဲရေးရေး၊ စာမေးပွဲပဲ ဖြေဖြေ သေချာသပ်ရပ်တဲ့သူဟာ အမြဲတမ်း အသာစီး ရတတ်ပါတယ်။
ကလေးများ ငယ်ငယ်ကတည်းက အိမ်စာလုပ်ရင် ခဲဖျက်ခဏခဏ မသုံးမိအောင် ပျိုးထောင်ပေးပါ။ လက်ရေးလက်သားကို ဂရုတစိုက် ပျိုးထောင်ပေးပါ။  သေချာသပ်ရပ်တဲ့ အကျင့်ကို ငယ်စဉ်အခါက စတင်ပျိုးထောင်ရင် ပိုမိုထိရောက်တတ်ပါတယ်။

၃။ အချိန်ကို စီမံခန့်ခွဲ တတ်တဲ့အကျင့်

တချိန်မှာ ကျောင်းစာတစ်ဘာသာကိုသာ အာရုံစူးစိုက်စွာလုပ်တတ်ခြင်း၊  အချိန်ကို ပိုင်ပိုင်နိုင်နိုင် စီမံခန့်ခွဲတတ်ခြင်း၊  အားလပ်တဲ့ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ကို ကောင်းမွန်စွာအသုံးချတတ်ခြင်း၊ စသည်တို့ဟာ အချိန်ကို အများကြီး ဆွဲထုပ်နိုင်တဲ့ အကျင့်များဖြစ်ကြပါတယ်။ အဲဒီအကျင့်ကို ပိုင်နိုင်သွားရင် စာလုပ်စရာရှိရင် စာကောင်းကောင်းလုပ်၊
ဆော့ကစားစရာရှိရင် ကောင်းကောင်းကစား၊ လည်စရာရှိရင် အားရပါးရ လည်နိုင်တဲ့ အဆင့်ရောက်သွားပါတယ်။ စာကျက်တဲ့အခါ ကစားတဲ့ဘက်ကို စိတ်ရောက်၊ ကစားတဲ့ အခါကျတော့ စာကို ပြန်ပူတတ်တဲ့ အဖြစ်ဆိုးမှ
လွတ်မြောက်သွားပါတယ်။

၄။ ကြိုတင် သင်ခန်းစာ လေ့လာတတ်တဲ့အကျင့်

ကျောင်းမှာ ဆရာစာမသင်ခင်မှာ အဲဒီသင်ခန်းစားကို တစ်ခေါက်ကြို ဖတ်ထားရင် စာသင်ချိန်မှာ နားလည်ဖို့ ပိုမိုထိရောက်တတ်ပါတယ်။ ပိုမိုပြီးလည်း မှတ်မိစေပါတယ်။  နားလည်လည် မလည်လည် သင်မယ့်စာကို ကြိုဖတ်တတ်တဲ့ အကျင့်မွေးမြူကြည့်ပါ။ အလွန်အထောက်အကူ
ဖြစ်ပါလိမ့်မယ်။

၅ ။ စာသင်ခန်းထဲမှာ သေသေချာချာ နားထောင်တတ်တဲ့အကျင့်

စာသင်တာကို သေသေချာချာ အာရုံစိုက် နားထောင်တဲ့ကလေးဟာ စာပိုမိုထူးချွန်ကြပါတယ်။ စာကို ပိုပြီးနားလည်ပါတယ်။ ပိုပြီးလည်း မှတ်မိပါတယ်။ အရေးကြီးတဲ့ အပိုင်းကိုလည်း
ပိုမိုဂရုစိုက်မိပါတယ်။

၆ ။ စာသင်ခန်းထဲမှာ မှတ်စုပြုတတ်တဲ့ အကျင့်

စာသင်တာကို သေသေချာချာ နားထောင်နေတဲ့ အချိန်မှာ မျဉ်းတားစရာရှိတာကို မျဉ်းတား၊ ဘေးမှာ ရေးမှတ်စရာရှိတာကို ရေးမှတ်၊ ကြယ်ပြသင့်တဲ့နေရာမှာ ကြယ်ဆွဲထား၊ အရေးပါတဲ့ ဝေါဟာရကို သေသေချာချာ ရေးမှတ် စသည်ဖြင့် မှတ်စု ရေးမှတ်တတ်သွားရင်၊ နားလည်ဖို့
အတွက်ဖြစ်ဖြစ်၊ မှတ်မိဖို့ အတွက်ဖြစ်ဖြစ် တော်တော် အကူအညီ ပေးတာကို
တွေ့ရှိလာပါလိမ့်မယ်။

ရ။  သင်ခန်းစာ ပြန်နွှေးတတ်တဲ့ အကျင့်

အတန်းချိန်ပြီးဆုံးလို့ ချက်ချင်း အိမ်စာမလုပ်သေးပဲ သင်ပြီးသင်ခန်းစာများကို သေသေချာချာ
ပြန်နွေးသင့်ပါတယ်။ သင်ခန်းစာမှာ ဘာအကြောင်းအရာတွေပါသလဲ၊ ခြုံငုံသုံးသပ်လိုက်ရင် အနှစ်ချုပ်က ဘာတွေလဲ၊ အကြောင်းအရာ အချင်းချင်း ဘာတွေဆက်သွယ်ချိတ်ဆက်ကြသလဲ၊ အယူအဆချင်း ဘယ်လို ကွာခြားသလဲ၊ စသည်ဖြင့် ပိုင်းခြားစိပ်ဖြာပြီး  သိပ်မရှင်းသေးရင် ထပ်မေး၊ အားလုံးရှင်းသွားတဲ့အခါမှာ ဦးနောက်ထဲ တစ်ခါတည်း ထည့်ပြီးသားဖြစ်သွားပါတယ်။

၈။  အိမ်စာကို ပြီးဆုံးအောင် လုပ်တတ်တဲ့ အကျင့်

တစ်နေ့ အိမ်စာကို တစ်နေ့ ပြီးဆုံးအောင်လုပ်သင့်ပါတယ်။ အိမ်စာကို စုပုံပြီး အိမ်စာထပ်ခါနီးကျမှ တပြိုင်တည်း လောလော လောလော လုပ်တာမျိုးကို လုံး၀ ရှောင်ကျဉ်သင့်ပါတယ်။ အိမ်စာကို ပြီးအောင်မြန်မြန်လုပ်ခြင်းထက် ကောင်းအောင်လုပ်ခြင်း ဆိုတဲ့ အကျင့်ကို မွေးမြူထားရပါမယ်။

၉ ။  များများ သံသယ၀င်၊ များများတွေးခေါ် ၊ များများ မေးမြန်းတတ်တဲ့ အကျင့်

No comments:

Post a Comment